back

မန္တလေးတိုင်း၊ ပုဂံမြစေတီရှိ ရာဇကုမာရ်ကျောက်စာရုံအတွင်း ငွေကြေးလှူဒါန်းခြင်း မပြုရန် အသိပေး

Aug 03 • 1:40 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ ပုဂံမြစေတီရှိ ရာဇကုမာရ်ကျောက်စာရုံအတွင်း ငွေကြေးလှူဒါန်းခြင်း မပြုရန် အသိပေး

မန္တလေးတိုင်း၊ ပုဂံမြို့ဟောင်း မြင်းကပါကျေးရွာရှိ မြစေတီဘုရားတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရာဇကုမာရ်ကျောက်စာ ထားရှိရာ ကျောက်စာရုံအတွင်းသို့ ဘုရားဖူးများ ငွေကြေး...

မန္တလေးတိုင်း၊ ပုဂံမြို့ဟောင်း မြင်းကပါကျေးရွာရှိ မြစေတီဘုရားတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရာဇကုမာရ်ကျောက်စာ ထားရှိရာ ကျောက်စာရုံအတွင်းသို့ ဘုရားဖူးများ ငွေကြေးပစ်သွင်း လှူဒါန်းခြင်း မပြုရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ရှေးဟောင်းကျောက်စာတိုင် ထိခိုက်ပျက်စီးမှု မရှိစေရန်၊ လေ့လာသူများ အနှောင့်အယှက် မဖြစ်စေရန်နှင့် မြင်ကွင်း မထိခိုက်စေရန်အတွက် ကျောက်စာတိုင်ကို ကာရံထားသည့် သံတိုင်များတွင် သံဆန်ခါအစိတ် ထပ်မံကာရံသွားမည် ဖြစ်သည်။ လှူဒါန်းလိုသူများအနေဖြင့် ဂေါပကအဖွဲ့၏ သတ်မှတ်အလှူခံပုံးများ၌သာ စနစ်တကျ လှူဒါန်းရမည်ဖြစ်သည်။ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ ၄ ဘာသာဖြင့် ရေးထိုးထားသော အဆိုပါကျောက်စာသည် မြန်မာစာအရေးအသား အစောဆုံး ကျောက်စာအဖြစ် ထင်ရှားပြီး ၂၀၁၅ ခုနှစ်တွင် UNESCO ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World) အဖြစ် သတ်မှတ်ခံထားရသည်။

news-view-count-icon

23