back

ပြည်ပဝယ်လိုအား ကောင်းမွန်သဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေး တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

Aug 03 • 1:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပဝယ်လိုအား ကောင်းမွန်သဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေး တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြည်ပတင်ပို့မှု ဝယ်လိုအား ကောင်းမွန်လာခြင်းကြောင့...

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြည်ပတင်ပို့မှု ဝယ်လိုအား ကောင်းမွန်လာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း အရောင်းအဝယ် သွက်လက်ပြီး ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ ပွဲရုံများသို့ ဒေသခံကျေးရွာများမှ နေ့စဉ် ကြက်သွန်နီ ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်နေသော်လည်း ကုန်ဝင်နည်းပြီး ဝယ်လိုအား များပြားနေသဖြင့် ဇူလိုင်လဆန်းပိုင်းက တစ်ပိဿာ ကျပ် ၃,၇၀၀ ခန့်သာ ရှိရာမှ ယခုအခါ ရက်ဆိုင်းဈေးဖြင့် တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ် (၂၀၂၅ ခုနှစ်) အလားတူကာလက အမြင့်ဆုံး ကျပ် ၁,၀၀၀ ခန့်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၄,၀၀၀ ခန့်အထိ ဈေးတက်လာခဲ့ခြင်း ဖြစ်သောကြောင့် စိုက်ပျိုးသူ တောင်သူများနှင့် ပွဲစားများအတွက် အကျိုးအမြတ် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

23