back

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၌ မိုးဆက်တိုက်ရွာသွန်း၍ မယ်ခမ်းဒေသ ရေကြီးနေ

Aug 03 • 1:39 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၌ မိုးဆက်တိုက်ရွာသွန်း၍ မယ်ခမ်းဒေသ ရေကြီးနေ

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းဆဲန်မြို့နယ် မယ်ခမ်းတောင်ရွာရှိ မယ်ခမ်းမြစ်ရေ မြင့်တက်လာကာ သြဂုတ် ၁ ရက်တွင် မြစ်ကမ်း...

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းဆဲန်မြို့နယ် မယ်ခမ်းတောင်ရွာရှိ မယ်ခမ်းမြစ်ရေ မြင့်တက်လာကာ သြဂုတ် ၁ ရက်တွင် မြစ်ကမ်းဘေးနေအိမ်များအတွင်း ရေပြန်လည်ဝင်ရောက်ခဲ့သဖြင့် ဒေသခံများ တန်ဖိုးရှိပစ္စည်းများ ရွှေ့ပြောင်းခဲ့ရသည်။ ထို့ပြင် မိုးရေချိန် မြင့်တက်မှုကြောင့် ရေတံခွန်နှင့် တောင်ပေါ်ဒေသများမှ တောင်ကျရေနှင့် ရုတ်တရက် ရေကြီးနိုင်ခြေရှိ၍ ပြည်သူများ အထူးသတိပြုရန် ထိုင်းရေအရင်းအမြစ် ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် အောက်ပိုင်းဒေသများ မြစ်ရေလျှံမှုကို ကာကွယ်ရန်အတွက် ချင်းရိုင်မြို့နယ်ရှိ ချင်းရိုင်ရေတားတံခါး ၁၁ ပေါက်လုံးကို ဖွင့်လှစ်၍ ကောက်မြစ်ရေများကို အရှိန်မြှင့် ထုတ်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

12