back

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရားမဝင် အရက်ဆိုင်တစ်ဆိုင်၌ မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ

Aug 03 • 1:38 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရားမဝင် အရက်ဆိုင်တစ်ဆိုင်၌ မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝမ်ထောင်လန်မြို့နယ်ရှိ လိုင်စင်မရှိ တရားမဝင် ဖွင့်လှစ်ထားသည့် အရက်ဆိုင်တစ်ဆိုင်ကို ဩဂုတ် ၂ ရက် နံနက်အစောပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝမ်ထောင်လန်မြို့နယ်ရှိ လိုင်စင်မရှိ တရားမဝင် ဖွင့်လှစ်ထားသည့် အရက်ဆိုင်တစ်ဆိုင်ကို ဩဂုတ် ၂ ရက် နံနက်အစောပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ကတ်တာမင်း မူးယစ်ဆေးဝါးများနှင့်အတူ အသက် ၁၈ နှစ်အောက် လူငယ်တစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားတို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စီးနင်းမှုအတွင်း မူးယစ်ဆေးဝါး၊ သုံးစွဲသည့် ကိရိယာများနှင့် တရားမဝင် ရောင်းချသည့် ဘီယာများကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသည့် မြန်မာများအနက် အချို့မှာ နိုင်ငံကူးလက်မှတ် ကိုယ်တိုင် ဆောင်ထားခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ ၁၁ ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် တရားစွဲဆိုထားပြီး ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားကိုလည်း တရားမဝင် ဖျော်ဖြေရေးစခန်း ဖွင့်လှစ်မှု၊ လိုင်စင်မရှိဘဲ အရက်ရောင်းချမှု၊ အသက်မပြည့်သေးသူအား ဝင်ရောက်ခွင့်ပြုမှု စသည့် ပုဒ်မများစွာဖြင့် ဖမ်းဆီး တရားစွဲဆိုထားကြောင်း သိရသည်။

news-view-count-icon

12