ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဩဂုတ် ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာ အမျိုးသား၊ အမျိုးသမီး လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အသင်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ၆ မျိုး ထည့်သွင်းကျင်းပမည် ဖြစ်သည်။ မြန်မာအဖွဲ့အနေဖြင့် အုပ်ချုပ်/နည်းပြ ၆ ဦး၊ အမျိုးသား ကစားသမား ၁၅ ဦးနှင့် အမျိုးသမီး ကစားသမား ၉ ဦးတို့ဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသားအသင်းက သုံးယောက်တွဲ အသင်းလိုက်၊ လေးယောက်တွဲ၊ ကွင်းသွင်းခတ် ပြိုင်ပွဲတို့တွင်လည်းကောင်း၊ အမျိုးသမီးအသင်းက နှစ်ယောက်တွဲ၊ လေးယောက်တွဲ၊ ကွင်းသွင်းခတ် ပြိုင်ပွဲတို့တွင်လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Aug 03 • 1:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


