ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ရှိ Spring Moon Garment Manufacturing အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏ ဒေးကြေး၊ အချိန်ပိုကြေးနှင့် ရက်မှန်ကြေး အပါအဝင် လုပ်ခလစာနှင့် ခွင့်ခံစားခွင့်များ တိုးမြှင့်ပေးရေး တောင်းဆိုမှုမှာ ဩဂုတ် ၁ ရက်နေ့အထိ ပြေလည်မှု မရသေးဘဲ ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ တိုင်းပေါင်းစပ်ကော်မတီနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့၏ ညှိနှိုင်းပေးမှုများတွင် အလုပ်ရှင်ဘက်မှ ကမ်းလှမ်းချက်များသည် အလုပ်သမားများ၏ မူလတောင်းဆိုချက်များနှင့် ကွာခြားနေသည့်အပြင် တရုတ်နိုင်ငံသား အလုပ်ရှင် ကိုယ်တိုင်မရှိဘဲ ကြားခံများနှင့်သာ ညှိနှိုင်းနေရသဖြင့် အဆင်မပြေဖြစ်နေကာ အလုပ်သမား ၁၃၄ ဦးက လုပ်ငန်းခွင်မဝင်ဘဲ ဆက်လက် တောင်းဆိုလျက်ရှိသည်။
ရန်ကုန်တိုင်း၊လှိုင်သာယာရှိ Spring Moon အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုမှု ပြေလည်မှုမရသေးဘဲ ဆက်လက်တောင်းဆိုမည်
Aug 02 • 11:52 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 0 | 0 | 0 |


