မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ဆေးရေးဂိတ်များ၌ စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ခြင်းနှင့် တားမြစ်ခံရခြင်းတို့ကြောင့် ဓာတ်ဆီ ပြင်ပပေါက်ဈေးမှာ ၁ လီတာလျှင် ၁၃,၀၀၀ ကျပ်အထိ အဆမတန် မြင့်တက်သွားခဲ့သည်။ ဆီဈေးနှုန်း အလွန်ကြီးမြင့်မှုကြောင့် ဆရာ၊ ဆရာမများ လာရောက်ရန် အခက်အခဲရှိသဖြင့် မြို့အနီးရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်း အများစုမှာ ဩဂုတ် ၁ ရက်မှစ၍ ၇ ရက်တာ ယာယီပိတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးတိုင်း၊တောင်သာမြို့နယ်၌ ဓာတ်ဆီဈေး ၁၃,၀၀၀ ကျပ်အထိ မြင့်တက်သွားသဖြင့် ကျောင်းအများစု ယာယီပိတ်လိုက်ရ
Aug 02 • 11:48 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 12 | 0 | 0 | 0 |


