ဗြိတိန်-နီပေါ နာမည်ကျော် တောင်တက်သမား နာမယ်ပူဂျာ (Nirmal Purja) နှင့် အဖွဲ့သည် ပါကစ္စတန်နိုင်ငံရှိ အမြင့်မီတာ ၈,၀၄၇ ရှိ ဘရော့ဒ်ပိက် (Broad Peak) တောင်ပေါ်သို့ တက်ရောက်စဉ် ဇူလိုင်လ ၃၀ ရက်နေ့က ဆီးနှင်းပြိုကျမှုကြောင့် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ ကုမ္ပဏီ Elite Exped မှ အတည်ပြုခဲ့သည်။ အသက် ၄၃ နှစ်အရွယ် ပူဂျာသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ ခုကို ၆ လကျော်အတွင်း အမြန်ဆုံး စံချိန်တင် တက်ရောက်နိုင်ခဲ့သူဖြစ်ပြီး Netflix မှလည်း ၎င်း၏ စံချိန်တင်ခရီးစဉ်ကို ရုပ်ရှင်အဖြစ် ထုတ်လွှင့်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ ခုစလုံးကို အောက်ဆီဂျင် အကူအညီမပါဘဲ ဒုတိယအကြိမ်မြောက် တက်ရောက်နိုင်သည့် ပထမဆုံးသူဖြစ်လာရန် ကြိုးပမ်းစဉ် ယခုကဲ့သို့ ဝမ်းနည်းဖွယ် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ ခုကို အမြန်ဆုံးတက်နိုင်ခဲ့သည့် နာမည်ကျော် တောင်တက်သမား နာမယ်ပူဂျာ ပါကစ္စတန်၌ နှင်းပြိုကျမှုကြောင့် ကွယ်လွန်
Aug 02 • 11:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


