back

ရန်ကုန်တိုင်းဒေသကြီး၊ရွှေတိဂုံစေတီတော်၌ ဝိနယပိဋကကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁,၁၁၁ ပူဇော်လှူဒါန်းပွဲ ကျင်းပ

Aug 02 • 11:42 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ရွှေတိဂုံစေတီတော်၌ ဝိနယပိဋကကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁,၁၁၁ ပူဇော်လှူဒါန်းပွဲ ကျင်းပ

ရွှေတိဂုံစေတီတော် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပါဠိဝိနယပိဋကကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁...

ရွှေတိဂုံစေတီတော် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပါဠိဝိနယပိဋကကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆီမီး ၁၁၁,၁၁၁ ပူဇော်လှူဒါန်းပွဲကို ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ဝိနယပိဋကကျမ်းမြတ် ပါဠိတော် အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲကို ဩဂုတ် ၂ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

news-view-count-icon

20