သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတကာ ခရီးသွားများအား ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်နှင့် ရိုးရာဝတ်စုံ လက်ရာများကို လေ့လာနိုင်ရန်အတွက် ထိုင်းရိုးရာ နန်းတွင်းဝတ်စုံများဖြစ်သော Chud Thai Dusit နှင့် Chud Thai Chakri ဝတ်စုံ နှစ်မျိုးကို အဓိကထား ခင်းကျင်းပြသထားကြောင်း သိရသည်။ အဆိုပါ ပြပွဲသည် ထိုင်းရိုးရာ အထည်အလိပ် အနုပညာများကို ကမ္ဘာက သိရှိအောင် ကြိုးပမ်းခဲ့သည့် မယ်တော်ကြီး သီရိခေတ် (Queen Sirikit) အား ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်ပြီး လေဆိပ်သို့ ရောက်ရှိသည်နှင့် ထိုင်းနိုင်ငံ၏ ခမ်းနားသည့် ရိုးရာအလှတစဉ်ကို တပြိုင်တည်း ခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။
ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်၌ ထိုင်းရိုးရာဝတ်စုံ Chud Thai ပြပွဲကျင်းပကာ နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်လျက်ရှိ
Aug 02 • 11:41 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


