back

ဩဂုတ် ၁ ရက်မှ ၇ ရက်အတွင်း ရှမ်းပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် မြေပြိုမှုနှင့် တောင်ကျရေအန္တရာယ် သတိပေး

Aug 02 • 11:35 AM

breaking-news

မြန်မာ

ရှမ်း

cover

ဩဂုတ် ၁ ရက်မှ ၇ ရက်အတွင်း ရှမ်းပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် မြေပြိုမှုနှင့် တောင်ကျရေအန္တရာယ် သတိပေး

Ventusky (ICON Model) ၏ ထုတ်ပြန်ချက်အရ ဩဂုတ် ၁ ရက်မှ ၇ ရက်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်း) တစ်ခုလုံးတွင် စုစုပေါင်း မိုးရေချိန် ...

Ventusky (ICON Model) ၏ ထုတ်ပြန်ချက်အရ ဩဂုတ် ၁ ရက်မှ ၇ ရက်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်း) တစ်ခုလုံးတွင် စုစုပေါင်း မိုးရေချိန် ၁၅၀ mm မှ ၂၂၀ mm ကျော်အထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မန္တလေး-လားရှိုး လမ်းမကြီးနှင့် တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းပိုင်းများ၌ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် တာချီလိတ်၊ ကျိုင်းတုံ၊ သီပေါ၊ မိုးမိတ်နှင့် အင်းလေးကန် ပတ်ဝန်းကျင်တို့တွင် လျှပ်တပြက် ရေကြီးခြင်းနှင့် ချောင်းရေ မြင့်တက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သဘာဝဘေးအန္တရာယ်များကို သတိပြုကြရန် အသိပေးထားသည်။

news-view-count-icon

20