back

မိုဘိုင်းဟန်းဆက်များ ဈေးကြီးနေမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေ

Aug 02 • 11:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုဘိုင်းဟန်းဆက်များ ဈေးကြီးနေမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေ

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကြောင့် မိုဘိုင်းဟန်းဆက် ဈေးနှုန်းများ မြင့်တက်နေမှုအပေါ် ပြည်သူများ ဈေးနှုန်း သက်သက်သာသာဖြင့် ဝယ်ယူအသုံးပြ...

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကြောင့် မိုဘိုင်းဟန်းဆက် ဈေးနှုန်းများ မြင့်တက်နေမှုအပေါ် ပြည်သူများ ဈေးနှုန်း သက်သက်သာသာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့သည်။ လွန်ခဲ့သည့် မတ်လမှစ၍ တင်သွင်းလာသော ဟန်းဆက်များကို CEIR စနစ်တွင် မှတ်ပုံတင်ပြီးမှ အသုံးပြုခွင့်ပေးခဲ့ရာ မော်ဒယ်အလိုက် ဖုန်းသစ်များနှင့် တစ်ပတ်ရစ် ဖုန်းဈေးကွက်တွင် အနည်းဆုံး ကျပ်တစ်သိန်းမှ သိန်းဂဏန်းအထိ ဈေးနှုန်းများ မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

28