back

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်၌ ငဝန်မြစ်ရေကာတာကျိုးပေါက်မှု ၄ ရက်မြောက်နေ့တွင် ရေဘေးသင့်သူ ၂ သောင်းနီးပါးရှိလာပြီး အရေးပေါ် အကူအညီများ လိုအပ်နေ

Aug 02 • 11:32 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်၌ ငဝန်မြစ်ရေကာတာကျိုးပေါက်မှု ၄ ရက်မြောက်နေ့တွင် ရေဘေးသင့်သူ ၂ သောင်းနီးပါးရှိလာပြီး အရေးပေါ် အကူအညီများ လိုအပ်နေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှု ၄ ရက်မြောက်နေ့အထိ ရေဘေးသင့် ပြည်သူဦးရေ ၂ သောင်းနီးပါးအထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းများအ...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှု ၄ ရက်မြောက်နေ့အထိ ရေဘေးသင့် ပြည်သူဦးရေ ၂ သောင်းနီးပါးအထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဆေးဝါး၊ သောက်ရေသန့်၊ စားနပ်ရိက္ခာနှင့် စက်သုံးဆီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ ဇူလိုင် ၃၀ ရက်မှစ၍ အကျယ်ပေ ၂၀၀ ကျော်အထိ ရေကာတာ ကျိုးပေါက်သွားမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် အိုင်သပြု၊ တလုတ္ထော်၊ အင်္ဂပို စသည့် ကျေးရွာများအတွင်း ရေဝင်ရောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး တာဝါတိုင်များ ပြတ်တောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ကယ်ဆယ်ရေးအဖွဲ့များက ယာယီစခန်းများသို့ ရေ့ဘေးသင့်ပြည်သူများကို ကူညီရွှေ့ပြောင်းပေးနေကြောင်း သိရသည်။

news-view-count-icon

29