back

Sea Empires Shipping Agency မှ ဦးတင့်အေးကျော်က သင်္ဘောသား ၁၀၀ ကျော်ထံမှ ကျပ်သိန်း ၁၀,၀၀၀ ကျော် လိမ်လည်ကာ ထွက်ပြေးတိမ်းရှောင်နေ

Aug 02 • 11:31 AM

breaking-news

မြန်မာ

ရန်ကုန်

cover

Sea Empires Shipping Agency မှ ဦးတင့်အေးကျော်က သင်္ဘောသား ၁၀၀ ကျော်ထံမှ ကျပ်သိန်း ၁၀,၀၀၀ ကျော် လိမ်လည်ကာ ထွက်ပြေးတိမ်းရှောင်နေ

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်အခြေစိုက် Sea Empires Shipping Agency မှ Managing Director ဖြစ်သူ ဦးတင့်အေးကျော်သည် ပြည်ပသင်္ဘောများပေါ်သို့ အလုပ်ရရှိမည်ဟု ဆိုကာ သင...

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်အခြေစိုက် Sea Empires Shipping Agency မှ Managing Director ဖြစ်သူ ဦးတင့်အေးကျော်သည် ပြည်ပသင်္ဘောများပေါ်သို့ အလုပ်ရရှိမည်ဟု ဆိုကာ သင်္ဘောသား ၁၀၀ ကျော်ထံမှ တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ကျော်စီဖြင့် စုစုပေါင်း ကျပ်သိန်း ၁၀,၀၀၀ ကျော် လိမ်လည်ယူဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နစ်နာသူ သင်္ဘောသားများက ဗိုလ်တထောင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသဖြင့် ဖမ်းဝရမ်းထုတ်ထားပြီး၊ အခြားလူငယ်များ ထပ်မံ အလိမ်မခံရစေရန် မြန်မာသင်္ဘောသား အသိုင်းအဝိုင်းက သတိပေးတိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

15