back

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်၌ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်၌ ဆက်ရှိနေပြီး နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်တက်နိုင်၍ သတိပေး

Aug 02 • 11:15 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်၌ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်၌ ဆက်ရှိနေပြီး နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်တက်နိုင်၍ သတိပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေသည့် မယ်ဆိုင်ချောင်းရေသည် ဩဂုတ် ၂ ရက် နံနက်ပိုင်း တိုင်းတာချက်အရ စိုးရိမ်ရေမှတ်၌ ဆက်လက် ရောက...

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေသည့် မယ်ဆိုင်ချောင်းရေသည် ဩဂုတ် ၂ ရက် နံနက်ပိုင်း တိုင်းတာချက်အရ စိုးရိမ်ရေမှတ်၌ ဆက်လက် ရောက်ရှိနေပြီး မိုးဆက်လက် ရွာသွန်းနေမှုကြောင့် နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်လည် မြင့်တက်လာနိုင်သဖြင့် မြေနိမ့်ပိုင်းနှင့် ချောင်းအနီး နေထိုင်သူများ သတိပြုကြရန် မိုးဇလက အသိပေးထားသည်။ ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တွင်း ရပ်ကွက်အချို့၌ ရေဝင်ရောက်ခြင်း၊ တင်ကျန်ခဲ့သည့် နုန်းများကို ရှင်းလင်းနေရခြင်းနှင့် ဝမ်ကောင်းရပ်ကွက်၌ မြေပြိုကာ အိမ်ပေါ်သို့ ဝါးရုံပင် ပိမိမှုဖြစ်ပွားခဲ့သော်လည်း လူ ထိခိုက်မှုမရှိကြောင်း သိရသည်။

news-view-count-icon

19