back

ထိုင်းနိုင်ငံ၊ဘန်ကောက်၌ အငှားကားပေါ် ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံသား၏ ရွှေနှင့် ဘတ်ငွေများ ပြန်လည်ရရှိ

Aug 02 • 9:14 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်၌ အငှားကားပေါ် ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံသား၏ ရွှေနှင့် ဘတ်ငွေများ ပြန်လည်ရရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသား သားအမိနှစ်ဦးသည် ရွှေ ၁၀ ကျပ်သားခန့်နှင့် ဘတ် ငွေနှစ်သိန်း ပါဝင်သည့် အိတ်အား အငှားကားပေါ်၌ မေ့ကျန်ခဲ့သော်လည်း ပ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသား သားအမိနှစ်ဦးသည် ရွှေ ၁၀ ကျပ်သားခန့်နှင့် ဘတ် ငွေနှစ်သိန်း ပါဝင်သည့် အိတ်အား အငှားကားပေါ်၌ မေ့ကျန်ခဲ့သော်လည်း ပျောက်ဆုံးမှုမရှိဘဲ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တန်ဖိုးကြီး ပစ္စည်းများပါဝင်သည့် အိတ်အား Taxi ယာဉ်မောင်းဖြစ်သူက ဖရက်ခနွန်နယ်မြေ ရဲစခန်းသို့ လာရောက် အပ်နှံပေးခဲ့ခြင်းဖြစ်ပြီး မူလပိုင်ရှင် မြန်မာနိုင်ငံသား သားအမိထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

news-view-count-icon

13