ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းတုံ-မိုင်းလားလမ်းပေါ်ရှိ ယန်းလှ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်၌ ဩဂုတ် ၁ ရက်နေ့က စက်သံဆူညံစေသည့် ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်လာသော Honda (အနီရောင်) နှင့် Kawasaki (အစိမ်းရောင်) မော်တော်ဆိုင်ကယ်နှစ်စီးကို စစ်ဆေးခဲ့ရာ ယာဉ်လိုင်စင် အထောက်အထားများ ပြသနိုင်ခြင်း မရှိသည့်အတွက် လိုင်စင်မဲ့ဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်သူ ကျိုင်းလိတ်ရပ်ကွက်နေ ဝင်းဇော်ဦး (၂၀ နှစ်) နှင့် ဇော်ထွေး (၂၅ နှစ်) တို့နှစ်ဦးကို ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ယာဉ်ထိန်းရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ၌ စက်သံဆူညံသည့် ပါဝါအိတ်ဇောတပ် လိုင်စင်မဲ့ ဆိုင်ကယ်နှစ်စီးနှင့် မောင်းနှင်သူနှစ်ဦးကို ဖမ်းဆီးအမှုဖွင့်
Aug 02 • 9:13 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 20 | 0 | 0 | 0 |


