လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့" အထိမ်းအမှတ်အဖြစ် အသိပညာပေး လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲနှင့် ကာတွန်း Animation ဗီဒီယိုပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ကမ်းစာစောင် ဒီဇိုင်းပြိုင်ပွဲတွင် ငလျင်၊ ရေဘေးနှင့် လေပြင်း ဘေးအန္တရာယ် အသိပညာပေးများအနက် ၃ မျိုးလုံး သို့မဟုတ် နှစ်သက်ရာ ၁ မျိုးကို ရွေးချယ်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
Aug 02 • 8:55 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


