ရာ မီးသတ်တပ်ဖွဲ့ဝင်များ သွားလာရေး ကူညီဆောင်ရွက်ပေး
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်တွင် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟိုပုံး-လွိုင်ကော်သွားလမ်း၊ မိုင်တိုင်အမှတ် (၂၁၀/၀) နှင့် (၂၁၀/၁) ကြား၌ ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့ရာ ဟိုပုံးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ခရီးသွား ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


