back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားသွားလမ်းတွင် လမ်းဘေးခွေးများကို သားဆက်ခြားဆေး ထိုးနှံပေးရန် ဒေသခံများ တောင်းဆိုနေ

Aug 02 • 6:43 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားသွားလမ်းတွင် လမ်းဘေးခွေးများကို သားဆက်ခြားဆေး ထိုးနှံပေးရန် ဒေသခံများ တောင်းဆိုနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်ဘုရားသွားရာ လမ်းတလျှောက်၌ လမ်းဘေးခွေးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး လမ်းသွားလမ်းလာများကို ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်ဘုရားသွားရာ လမ်းတလျှောက်၌ လမ်းဘေးခွေးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး လမ်းသွားလမ်းလာများကို လိုက်လံကိုက်ခဲမှုများ ရှိလာသဖြင့် ခွေးဦးရေ ထပ်မံမတိုးပွားစေရန် သားဆက်ခြားဆေး ထိုးနှံပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုလျက်ရှိသည်။ အဆိုပါလမ်းသည် လေ့ကျင့်ခန်းလုပ်သူများနှင့် အပန်းဖြေသူများ များပြားသည့်နေရာဖြစ်ပြီး ပြီးခဲ့သည့် လပြည့်နေ့က ဘုရားဖူးကလေးတစ်ဦး ခွေးကိုက်ခံရမှု ဖြစ်ပွားခဲ့ရာ ခွေးကိုက်ကာကွယ်ဆေးများ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်အခဲများရှိနေသလို အွန်လိုင်းတွင်လည်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ သို့ဖြစ်ပါ၍ ရှိပြီးသား ခွေးများကို အန္တရာယ်ပြု ရှင်းလင်းခြင်းမပြုဘဲ ပိုမိုများပြားမလာစေရန် သက်ဆိုင်ရာနှင့် တိရစ္ဆာန်ချစ်သူများအသင်းများအနေဖြင့် သားဆက်ခြားဆေးများ လာရောက်ထိုးနှံထိန်းသိမ်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

news-view-count-icon

20