back

တောင်ကိုရီးယား၌ ငွေသားမသုံးသူ များလာခြင်းကြောင့် ဘဏ်များတွင် အကြွေစေ့များ လျှံထွက်ပြီး ထိန်းသိမ်းရန် အခက်ကြုံနေရ

Aug 02 • 6:40 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၌ ငွေသားမသုံးသူ များလာခြင်းကြောင့် ဘဏ်များတွင် အကြွေစေ့များ လျှံထွက်ပြီး ထိန်းသိမ်းရန် အခက်ကြုံနေရ

တောင်ကိုရီးယားနိုင်ငံတွင် ငွေသားမလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုများ လျှင်မြန်စွာ ခေတ်စားလာခြင်းကြောင့် စီးပွားရေးဘဏ်များနှင့် ဗဟိုဘဏ် (BOK) တို့၏ ငွေတို...

တောင်ကိုရီးယားနိုင်ငံတွင် ငွေသားမလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုများ လျှင်မြန်စွာ ခေတ်စားလာခြင်းကြောင့် စီးပွားရေးဘဏ်များနှင့် ဗဟိုဘဏ် (BOK) တို့၏ ငွေတိုက်များအတွင်း အကြွေစေ့များ အလွန်အမင်း စုံပုံလာကာ သိုလှောင်ရုံနေရာ မလုံလောက်သည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။အကြွေစေ့များကို ပြန်လည်ထုတ်ဝေသုံးစွဲမှု အလွန်နည်းပါးသွားသော်လည်း အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများက ဘဏ်များသို့ အကြွေစေ့များ လာရောက်အပ်နှံမှု ဆက်လက်ရှိနေသည့်အတွက် ဘဏ်များတွင် အကြွေစေ့ပမာဏ လျှံထွက်နေခြင်းဖြစ်သည်။ ယင်းပြဿနာကို ဖြေရှင်းရန်အတွက် ဗဟိုဘဏ်သည် အကြွေစေ့သစ် ထုတ်လုပ်မှုကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချထားပြီး စီးပွားရေးဘဏ်များအနေဖြင့်လည်း အကြွေစေ့ သိုလှောင်စရိတ်နှင့် ကိုင်တွယ်ရသည့် စရိတ်များ မြင့်တက်လာမှုကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း သတင်းတွင် ဖော်ပြထားသည်။

news-view-count-icon

13