ကယား (ကရင်နီ)ပြည်နယ်ရှိ မော်ချီးနှင့် သိကျိတ် ခဲတွင်းများတွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်လုပ်သားများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အဆုတ်ရောဂါ လက္ခဏာများ ပိုမိုတွေ့ရှိလာရပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကာအကွယ်ပစ္စည်းများ အရေးပေါ် လိုအပ်နေသည်။ ခဲတွင်းအတွင်း သတ္တုဖုန်မှုန့်များကို အချိန်ကြာမြင့်စွာ ရှူရှိုက်ရခြင်းနှင့် Mask ကဲ့သို့ အကာအကွယ်ပစ္စည်းများ အသုံးပြုမှု နည်းပါးခြင်းတို့ကြောင့် ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းနှင့် ရင်ဘတ်အောင့်ခြင်းများဖြင့် ဆေးဝါးကုသမှု ခံယူသူများပြားလာကြောင်း ဒေသခံ ကျန်းမာရေးဝန်ထမ်းများက ပြောဆိုသည်။ ထို့ကြောင့် ဖုန်မှုန့်ကာကွယ်သည့် နှာခေါင်းစည်းများ အသုံးပြုရန်နှင့် ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကြရန် အကြံပြုထားပြီး စားဝတ်နေရေးအတွက် စန့်စန့်စားစား လုပ်ကိုင်နေရသည့် လူငယ်များအတွက် လုပ်ငန်းခွင် လုံခြုံရေးနှင့် ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုများ ပိုမိုရရှိရန် လိုလားနေကြကြောင်း သိရသည်။
Aug 02 • 4:56 AM
မြန်မာ
ကယား
မျှဝေမည်
| 14 | 0 | 0 | 0 |


