back

ရန်ကုန်၌ ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ ကျင်းပမည်ဖြစ်

Aug 02 • 3:42 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၌ ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ ကျင်းပမည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ...

ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ (၂၀၂၆) ကို ဩဂုတ် ၆ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ့ကျောက်မျက်ရတနာ အချောထည်ကဏ္ဍကို နိုင်ငံတကာအထိ ထိုးဖောက်မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် အရောင်းဆိုင်ခန်းပေါင်း ၁၅၀ ကျော် ခင်းကျင်းပြသရောင်းချမည့်အပြင် ကျောက်မျက်ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် ကျပ် ၁၀ သိန်းနှင့် သိန်း ၂၀ တန် ကျောက်မျက်များ ရောင်းချရရှိငွေ၏ ၁၀ ရာခိုင်နှုန်းကို ကျန်းမာရေးကဏ္ဍများတွင် ပြန်လည်လှူဒါန်းမည့် CSR Program ပါဝင်မည်ဖြစ်ကာ အဆိုပါပြပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁ ရက်က Lotte Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

news-view-count-icon

17