back

ဗီယက်နမ် ဒါနန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်က Terminal T1 တိုးချဲ့ရေးအတွက် အမေရိကန်ဒေါ်လာ ၄၂၈.၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်

Aug 02 • 3:38 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ် ဒါနန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်က Terminal T1 တိုးချဲ့ရေးအတွက် အမေရိကန်ဒေါ်လာ ၄၂၈.၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်

ဗီယက်နမ် လေဆိပ်များ ကော်ပိုရေးရှင်း (ACV) သည် ဒါနန်း (Da Nang) အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Terminal T1 အဆောက်အအုံ ပြန်လည်မွမ်းမံခြင်းနှင့် တိုးချဲ့ခြင်း စီမံကိန်...

ဗီယက်နမ် လေဆိပ်များ ကော်ပိုရေးရှင်း (ACV) သည် ဒါနန်း (Da Nang) အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Terminal T1 အဆောက်အအုံ ပြန်လည်မွမ်းမံခြင်းနှင့် တိုးချဲ့ခြင်း စီမံကိန်းအတွက် ဗီယက်နမ်ဒေါင် ၁၁.၂၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၂၈.၆ သန်းခန့်) ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ဒါနန်းပြည်သူ့ကော်မတီက အတည်ပြုလိုက်သည့် အဆိုပါ စီမံကိန်းသည် စုစုပေါင်း ဧရိယာ ၁၆၅,၀၀၀ စတုရန်းမီတာ ပေါ်တွင် တည်ရှိမည်ဖြစ်ပြီး တိုးချဲ့မည့် လေဆိပ်အဆောက်အအုံမှာ စတုရန်းမီတာ ၉၆,၀၀၀ ခန့် ကျယ်ဝန်းမည်ဖြစ်သည်။ ထို့ပြင် မော်တော်ယာဉ် ကုန်းပတ်လမ်းမများ၊ အထပ်မြင့် ကားရပ်နားရန်နေရာ၊ ကုန်ဝယ်စင်တာနှင့် ရေဆိုးသန့်စင်စနစ်များ ပါဝင်မည်ဖြစ်သည်။ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၂၇ ခုနှစ် အော်ဂိုစတလတွင် စတင်မည်ဖြစ်ပြီး အသစ်တိုးချဲ့သည့် အပိုင်းကို ၂၀၂၉ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း၊ မွမ်းမံထားသည့် အပိုင်းတစ်ခုလုံးကို ၂၀၂၉ ခုနှစ် အော်ဂိုစတလတွင်လည်းကောင်း အပြီးသတ် ဖွင့်လှစ်ပြေးဆွဲနိုင်ရန် လျာထားသည်။

news-view-count-icon

10