မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂) ဓာတ်အားလိုင်းရှိ တာဝါတိုင် ၅ တိုင်တွင် Jumper ကြိုးများ လွန်းဖွာခြင်း၊ ကြွေသီးတွဲများ ကွဲအက်ခြင်းနှင့် Arching Horn များ မီးပန်းထားခြင်းတို့ကို ထိန်းသိမ်းပြုပြင်သွားမည် ဖြစ်သည်။ ဓာတ်အားစနစ် တည်ငြိမ်မှု မြှင့်တင်ရန်နှင့် မလိုလားအပ်သော ဓာတ်အားပြတ်တောက်မှုများ မဖြစ်စေရန်အတွက် အဆိုပါ ပြုပြင်ရေးလုပ်ငန်းများကို ယနေ့ (ဩဂုတ် ၂ ရက်) နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ရာ ပြုပြင်နေစဉ်ကာလအတွင်း ရေပေါင်းဆုံနှင့် ယင်းမာပင်မြို့နယ်များ၌ ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း၌ ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် ဓာတ်အားလိုင်း ပြုပြင်မည်ဖြစ်၍ ရေပေါင်းဆုံနှင့် ယင်းမာပင်တွင် ယနေ့ ယာယီမီးပြတ်မည်ဖြစ်
Aug 02 • 2:57 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 32 | 0 | 0 | 0 |


