ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပဲခူးတိုင်း လူငယ်စင်တာ၌ ရုရှားဘာသာစကားသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။ သင်တန်းကို လာမည့် ဩဂုတ် ၁၇ ရက်မှ ဩဂုတ် ၃၀ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် သင်တန်းဝင်ခွင့် လျှောက်လွှာများကို ဩဂုတ် ၁၀ ရက် နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ သင်တန်းပြီးဆုံး၍ အရည်အချင်းပြည့်မီသူများကို သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ပဲခူးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဖုန်း ၀၉-၄၂၈၁၁၈၈၇၃ နှင့် ၀၉-၄၂၀၁၃၅၁၂၁ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
Aug 02 • 2:56 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 25 | 0 | 0 | 0 |


