မန္တလေးမြို့၊ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးရမိခဲ့ရာမှ အဆိုပါ ကျူးလွန်သူအချို့သည် ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သော ပေါ်ဦးရွှေဆိုင်နှင့် ၂၀၂၅ ခုနှစ်က ဖြစ်ပွားခဲ့သော မိုးမန္တလေးရွှေဆိုင် ဓါးပြတိုက်မှုများတွင်ပါ ပါဝင်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ သိရသည်။ ဇူလိုင် ၂၀ ရက်က ဖြစ်ပွားခဲ့သည့် မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုတွင် ရွှေချိန် တစ်ပိဿာခန့် ပါသွားခဲ့ပြီးနောက် စီးနင်းခဲ့သည့် ဆိုင်ကယ်မှတစ်ဆင့် ခြေရာခံကာ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတို့တွင် ကျူးလွန်သူများနှင့် စီစဉ်ညွှန်ကြားသူ ပါဝင်သည့် အဖွဲ့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အမှတ် (၁၁) နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်ထားပြီး ဓါးပြတိုက်သူများနှင့် ဆက်စပ်ကူညီပေးသူ စုစုပေါင်း ၁၁ ဦးကို အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။
မန္တလေး၌ ဖမ်းဆီးရမိထားသည့် မီလျှံနာရွှေဆိုင် ဓါးပြတိုက်သူများထဲတွင် ပေါ်ဦးနှင့် မိုးမန္တလေးရွှေဆိုင် ဓါးပြတိုက်ခဲ့သူများ ပါဝင်နေ
Aug 02 • 2:15 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 27 | 0 | 0 | 0 |


