၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား ပြိုင်ပွဲ၏ ဩဂုတ် ၁ ရက် ပွဲစဉ်များအပြီးတွင် အုပ်စု (A) ၌ စင်ကာပူအသင်းက ရမှတ် ၇ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (B) ၌ ထိုင်းအသင်းက ရမှတ် ၆ မှတ်ဖြင့်လည်းကောင်း အသီးသီး ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။စင်ကာပူအသင်းသည် ၃ ပွဲကစား၊ ၇ မှတ်ဖြင့် ထိပ်ဆုံးတွင် ရှိနေပြီး အင်ဒိုနီးရှားအသင်းက ဇူလိုင် ၃၁ ရက်တွင် တီမောအသင်းကို ၃ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ၂ ပွဲကစား၊ ၆ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ဗီယက်နမ်အသင်းသည် စင်ကာပူနှင့် ဂိုးမရှိသရေကျခဲ့သဖြင့် ၂ ပွဲကစား၊ ၄ မှတ်ဖြင့် တတိယနေရာ ရရှိထားသည်။ ကမ္ဘောဒီးယားနှင့် တီမောအသင်းတို့မှာမူ ရမှတ် မရရှိသေးပေ။ဩဂုတ် ၁ ရက် ပွဲစဉ်များတွင် ဖိလစ်ပိုင်အသင်းက လာအိုအသင်းကို ၄ ဂိုး - ၁ ဂိုး၊ ထိုင်းအသင်းက မလေးရှားအသင်းကို ၂ ဂိုး - ဂိုးမရှိဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ထိုင်းအသင်းသည် ၂ ပွဲကစား၊ ၆ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး မလေးရှားအသင်းက ၃ ပွဲကစား၊ ၆ မှတ်ဖြင့် ဒုတိယ၊ မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့က ၂ ပွဲကစား၊ ၃ မှတ်စီဖြင့် တတိယနှင့် စတုတ္ထနေရာများတွင် အစဉ်လိုက် ရှိနေသည်။ လာအိုအသင်းမှာ ရမှတ် မရရှိသေးပေ။မြန်မာအမျိုးသား အသင်းအနေဖြင့် ဩဂုတ် ၄ ရက်တွင် အုပ်စု တတိယမြောက် ပွဲစဉ်အဖြစ် အိမ်ကွင်း၌ လာအိုအသင်းနှင့် ဆက်လက် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
Aug 02 • 2:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 29 | 0 | 0 | 0 |


