back

ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက် တရားမဝင် လမ်းကူးများကို ပိတ်သိမ်းသွားမည်ဖြစ်

Aug 02 • 2:54 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက် တရားမဝင် လမ်းကူးများကို ပိတ်သိမ်းသွားမည်ဖြစ်

ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်ရှိ တရားမဝင် Level Crossing (လမ်းကူး)များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ လမ...

ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်ရှိ တရားမဝင် Level Crossing (လမ်းကူး)များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် ရန်ကုန်-ပြည် ရထားလမ်းပိုင်းရှိ တိုက်ကြီးဘူတာအထိ RBE ရထားဖြင့် သွားရောက်၍ ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှု၊ သံလမ်းနှင့် ဇလီဖားတုံးများ ပြုပြင်ထိန်းသိမ်းမှုတို့ကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် တရားမဝင် လမ်းကူးများ ပိတ်သိမ်းနိုင်ရေးအပြင် ရထားလမ်းဘေး ဝဲ/ယာရှိ ကျူးကျော်တဲများနှင့် အဆောက်အအုံများကို ရှင်းလင်းရေးအတွက်ပါ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဦးတည်၍ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

33