back

ထိုင်းလူ့အဖွဲ့အစည်းနှင့် မညီညွတ်သည့် နိုင်ငံခြားသားများကို ချက်ချင်း ပြည်နှင်ဒဏ်ပေးရန် ထိုင်းအစိုးရ စည်းမျဉ်းသစ် အတည်ပြု

Aug 02 • 2:04 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းလူ့အဖွဲ့အစည်းနှင့် မညီညွတ်သည့် နိုင်ငံခြားသားများကို ချက်ချင်း ပြည်နှင်ဒဏ်ပေးရန် ထိုင်းအစိုးရ စည်းမျဉ်းသစ် အတည်ပြု

ထိုင်းနိုင်ငံ၏ ကိုယ်ကျင့်တရားနှင့် ဓလေ့ထုံးစံ စံနှုန်းများနှင့် မကိုက်ညီသော အပြုအမူများ ပြုလုပ်သည့် နိုင်ငံခြားသားများကို ချက်ချင်း ပြည်နှင်ဒဏ်ပေးမည့် စည်းမျဉ်း...

ထိုင်းနိုင်ငံ၏ ကိုယ်ကျင့်တရားနှင့် ဓလေ့ထုံးစံ စံနှုန်းများနှင့် မကိုက်ညီသော အပြုအမူများ ပြုလုပ်သည့် နိုင်ငံခြားသားများကို ချက်ချင်း ပြည်နှင်ဒဏ်ပေးမည့် စည်းမျဉ်းမူကြမ်းကို ထိုင်းအစိုးရက အတည်ပြုလိုက်သည်။ စည်းမျဉ်းသစ်အရ တရားမဝင် ဝင်ရောက်မှု၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုနှင့် စာရွက်စာတမ်း အတုပြုလုပ်မှု အပါအဝင် ပြစ်မှု ၆ မျိုး ကျူးလွန်သူများကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်ပြီး ကြီးလေးသည့် ပြစ်မှုကျူးလွန်သူများကိုမူ တရားစွဲဆို ပြစ်ဒဏ်ကျခံစေပြီးနောက် ရက်ပေါင်း ၃၀ အတွင်း ပြည်နှင်ဒဏ်ပေးသွားမည် ဖြစ်သည်။ ယခင်က ပြည်နှင်ဒဏ်စရိတ်ကို သယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းများက ပို့ဆောင်ပေးရန် ငြင်းဆန်မှုများရှိခဲ့သဖြင့် အချိန်ကြာမြင့်စွာ ဖမ်းဆီးထိန်းသိမ်းထားရသည့် ကုန်ကျစရိတ်ထက် သက်သာစေရန် နေရပ်ပြန်ပို့စရိတ်ကို နိုင်ငံတော် ရန်ပုံငွေမှ ကျခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

12