back

ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့ စည်းမျဉ်း ချိုးဖောက်မှုကြောင့် ဒဏ်ငွေ ပေါင် ၁၀ သန်း ချမှတ်ခံရ

Aug 02 • 2:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့ စည်းမျဉ်း ချိုးဖောက်မှုကြောင့် ဒဏ်ငွေ ပေါင် ၁၀ သန်း ချမှတ်ခံရ

ချယ်လ်ဆီးအသင်းသည် အပြောင်းအရွှေ့ စည်းမျဉ်းများ ချိုးဖောက်ခဲ့မှုကြောင့် ဒဏ်ငွေ ပေါင် ၁၀ သန်း ချမှတ်ခြင်း ခံခဲ့ရသည်။အဆိုပါ ဖြစ်စဉ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ...

ချယ်လ်ဆီးအသင်းသည် အပြောင်းအရွှေ့ စည်းမျဉ်းများ ချိုးဖောက်ခဲ့မှုကြောင့် ဒဏ်ငွေ ပေါင် ၁၀ သန်း ချမှတ်ခြင်း ခံခဲ့ရသည်။အဆိုပါ ဖြစ်စဉ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကစားသမားသစ်များ မှတ်ပုံတင်ရာတွင် အေးဂျင့်များကို ငွေပေးချေမှုနှင့် ပတ်သက်၍ စည်းမျဉ်းများ ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အပြောင်းအရွှေ့များ၌ မှတ်ပုံမတင်ထားသော အေးဂျင့်များနှင့် တတိယအဖွဲ့အစည်းများထံ ပေါင် ၄၇ သန်း ပေးချေခဲ့ကြောင်း အစောပိုင်းကတည်းက ဝန်ခံထားခဲ့သည်။ယခုချမှတ်လိုက်သည့် ပြစ်ဒဏ်တွင် ချက်ချင်း အမှတ်လျှော့ခြင်း မပါဝင်သေးသော်လည်း ၂၀၂၇ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ဆိုင်းငံ့ ၆ မှတ်လျှော့ ပြစ်ဒဏ် ထည့်သွင်းထားသည်။ ထို့ပြင် ယခု ဆုံးဖြတ်ချက်အပေါ် ချယ်လ်ဆီးအသင်းဘက်မှ အယူခံဝင်ခွင့် ရှိနေသည်။မူလက ဒဏ်ငွေ ပေါင် ၂၆ သန်းအထိ ချမှတ်ခံရရန် ရှိခဲ့သော်လည်း အသင်း၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ပေါင် ၁၇.၂၅ သန်း၊ ပေါင် ၁၁.၄ သန်းမှတစ်ဆင့် လက်ရှိတွင် ပေါင် ၁၀ သန်းသာ ပေးဆောင်ရမည်ဖြစ်သည်။

news-view-count-icon

34