မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ လေသာလမ်းဝအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း၌ ဩဂုတ် ၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဘီးလင်းဘက်မှ သထုံဘက်သို့ အောင်ကိုဟိန်း မောင်းနှင်လာသော MITSUBISHI ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ ကိုသာချို မောင်းနှင်ပြီး ဒေါ်မြင့်မြင့် လိုက်ပါလာသည့် SUZUKI CARRY ယာဉ်အား ဝင်ရောက်တိုက်မိကာ နှစ်စီးစလုံး တိမ်းမှောက်ခဲ့သည်။ ဖြစ်စဉ်ကြောင့် SUZUKI CARRY ပေါ်ပါ ယာဉ်မောင်း ကိုသာချိုတွင် မစိုးရိမ်ရ ဒဏ်ရာနှင့် ဒေါ်မြင့်မြင့်တွင် စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သဖြင့် ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းက သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ လက်ရှိတွင် ယာဉ်ကို မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်သူ အောင်ကိုဟိန်းအား သိမ်ဆိပ်ရဲစခန်း၌ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 02 • 2:02 AM
မြန်မာ
မွန်
မျှဝေမည်
| 19 | 0 | 0 | 0 |


