ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ စငေါ့ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၃၅/၂) နှင့် (၁၃၅/၃) ကြား၌ ဩဂုတ် ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ဟိုပုံးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် သွားရောက်ကာ မီးလောင်မှု ဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် အရေးပေါ် အအေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


