ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဩဂုတ် ၂ ရက် မွန်းတည့်ချိန်အထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလ၏ ဩဂုတ် ၁ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။ ကျန် တိုင်းနှင့် ပြည်နယ်တို့တွင်လည်း နေရာကွက်ကျားမှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်သည့်အပြင် တိုင်းနှင့် ပြည်နယ်အများအပြား၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသဖြင့် မိုးတိမ်တောင် ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးထားသည်။


