တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ အန်းရှီး ထူကျားလူမျိုးနှင့် မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ရွှန်းအန်းခရိုင်၌ နွေရာသီ အားလပ်ရက် စတင်ချိန်မှစ၍ ခရီးသွားဧည့်သည် ဝင်ရောက်မှု အလွန်ပင် မြင့်တက်လာသည်။
ထိုဒေသသို့ လာရောက်ကြသည့် ခရီးသွားများသည် ကုန်ရွှေမြစ်အတွင်း ဖောင်စီးခြင်း၊ သာယာလှပသည့် ညဘက် ရှုခင်းများကို ကြည့်ရှုခံစားခြင်းနှင့် နာမည်ကျော် အပန်းဖြေစခန်းများ၌ ပျော်ရွှင်စွာ အနားယူခြင်းများ ပြုလုပ်လျက် ရှိကြသည်။


