၂၀၂၅ ခုနှစ် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေး မြန်မာဘောလုံးအကယ်ဒမီ အဆောက်အဦးသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ ယမန်နေ့က သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ ကျောင်းသား ၁၀၀ ကျော် တက်ရောက်နိုင်မည် ဖြစ်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ သန်းခန့်ရှိသည့် အဆိုပါ အကယ်ဒမီကို လာမည့် ၂၀၂၇ ပညာသင်နှစ်အမီ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်နေပြီး၊ စီမံကိန်း ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်း (ဒေါ်လာ ၃ သိန်း) ကို FIFA မှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။
Aug 01 • 12:28 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


