ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဝင်လာမှုကြောင့် စပါးစိုက်ဧက ထောင်ပေါင်းများစွာ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ ရေနစ်မြုပ်မှုမှာ ၄ ရက်ခန့် ကြာမြင့်နေပြီဖြစ်၍ စပါးပင်များ ပုပ်ပွပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး မိုးဆက်လက် ရွာသွန်းနေပါက ပျက်စီးဆုံးရှုံးမှု ပိုမိုကြီးမားလာနိုင်ကြောင်း ဒေသခံလယ်သမားများက ပြောကြားသည်။
| 13 | 0 | 0 | 0 |


