စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧကနှင့် ဖူးစားပြောင်း ၄၈၅ ဧက စုစုပေါင်း ၉၁,၈၉၉ ဧက စိုက်ပျိုးပြီးစီးခဲ့ရာ မူလလျာထားချက်ဖြစ်သည့် ၈၅,၇၆၀ ဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


