ပထမအကြိမ်အဖြစ် ကျင်းပမည့် FIFA ASEAN Cup 2026 ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံနှင့် ဟောင်ကောင်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် Challenge Division ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို FIFA အဆင့်သတ်မှတ်ချက်များအရ Premier Division နှင့် Challenge Division ဟူ၍ နှစ်ဆင့်ခွဲကျင်းပမည်ဖြစ်ရာ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် Premier Division ၏ အုပ်စု (A) တွင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူတို့ ပါဝင်ပြီး အုပ်စု (B) တွင် ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
Aug 01 • 12:24 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


