တရုတ် ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်နည်းပညာ (BCI) ကုမ္ပဏီတစ်ခုဖြစ်သည့် BrainCo သည် ခွဲစိတ်မှု ပြုလုပ်ရန် မလိုဘဲ စိတ်ကူးရုံဖြင့် စက်ရုပ်များကို မီလီစက္ကန့် ၂၀၀ အောက် လျင်မြန်စွာ ထိန်းချုပ်နိုင်မည့် BCI စနစ်သစ်ကို ရှန်ဟိုင်း၌ ကျင်းပသည့် ၂၀၂၆ ကမ္ဘာ့အတုအယောင်ဉာဏ်ရည် ကွန်ဖရင့် (WAIC) တွင် မိတ်ဆက်ခဲ့သည်။ အဆိုပါ စနစ်သည် ခေါင်းစွပ် အာရုံခံစက် (EEG headset) မှတစ်ဆင့် ဦးနှောက်လှိုင်းများကို ဖတ်ယူ၍ AI နည်းပညာဖြင့် စက်ရုပ်များသို့ စေခိုင်းချက်များအဖြစ် ပြောင်းလဲပေးခြင်းဖြစ်ပြီး လူတူစက်ရုပ်များ၊ စက်ရုပ်ခွေးများနှင့် လက်တံများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ကျန်းမာရေး၊ ထုတ်လုပ်ရေးနှင့် သုတေသန ကဏ္ဍများတွင် အသုံးဝင်နိုင်သည့် အဆိုပါ နည်းပညာသည် လက်ရှိတွင် သုတေသနအဆင့်၌သာ ရှိသေးသဖြင့် သာမန်သုံးစွဲသူများ ဝယ်ယူနိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။
Aug 01 • 12:22 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


