ဂျပန်နိုင်ငံ၊ ဖူကူဒါမြို့၌ ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် U-12 Junior Soccer World Challenge ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ U-12 လူငယ်အသင်းသည် ဇူလိုင် ၂၅ ရက်မှစ၍ အပြီးသတ် ရွေးချယ်ထားသော ကစားသမား ၂၃ ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါ ပြိုင်ပွဲတွင် အသင်းပေါင်း ၄၀ ပါဝင်မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (I) ၌ ဂျပန်အကယ်ဒမီအသင်းများဖြစ်သည့် လီဘာတာဖူကူအိုကာ၊ အူရာဝါရက်ဒိုင်းမွန်း၊ ရှိုနန်ဘယ်မားရီတို့နှင့်အတူ ကျရောက်နေကာ ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ မြန်မာ U-12 အသင်းသည် အဆိုပါပြိုင်ပွဲသို့ ၂၀၂၃ ခုနှစ်မှစ၍ နှစ်စဉ် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ဂျပန်ဘောလုံးပွဲတော် သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ U-12 လူငယ်အသင်း ကစားသမား ၂၃ ဦးဖြင့် လေ့ကျင့်လျက်ရှိ
Aug 01 • 12:21 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


