ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက မယ်ဆိုင်ချောင်းရေ လျှံတက်မှုကြောင့် မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ရေပြန်ကျဆင်းလာသော်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်လည် တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေဆဲဖြစ်သဖြင့် မြေနိမ့်ပိုင်းနှင့် ချောင်းအနီးနေ ပြည်သူများ သတိပြုရန် လိုအပ်နေပြီး၊ နှစ်စဉ်ကြုံတွေ့နေရသည့် ရှမ်းအရှေ့ ရေဘေးအတွက် ရေရှည်ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်အရှေ့ပ်ိုင်း၊တာချီလိတ်၌ မြစ်ရေကျစပြုသော်လည်း နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်တက်နိုင်၍ သတိပေးထား
Aug 01 • 12:14 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


