back

သီလဝါအထူးစီးပွားရေးဇုန်၌ ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး ရှေ့ပြေးစီမံကိန်း ဖွင့်လှစ်

Aug 01 • 12:13 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

သီလဝါအထူးစီးပွားရေးဇုန်၌ ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး ရှေ့ပြေးစီမံကိန်း ဖွင့်လှစ်

သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှ...

သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ရှေ့ပြေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက သန်လျင်မြို့နယ်၊ သီလဝါဥယျာဉ်မြို့တော်ရှိ Residential & Commercial ဧရိယာ၌ ကျင်းပခဲ့သည်။ အဆိုပါ စီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

18