ကမ္ဘာ့ဖလား အပါအဝင် မေဂျာပြိုင်ပွဲများ၏ အငြင်းပွားဖွယ် ရှယ်ယာရောင်းချမည့် စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ရာထူးမှ နုတ်ထွက်ခိုင်းမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါ အစီအစဉ်ကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ဘဲ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားလိုက်သည်။ အဆိုပါ စီမံကိန်းကို ထောက်ခံပါက အဖွဲ့ဝင် ၂၁၁ နိုင်ငံအား ဒေါ်လာ သန်း ၄၀ စီ ပေးမည်ဟု FIFA က စည်းရုံးခဲ့သော်လည်း မူလရည်မှန်းချက်နှင့် မကိုက်ညီတော့သည့်အပြင် UEFA၊ CONCACAF နှင့် AFC စသည့် တိုက်ကြီးများအလိုက် ဘောလုံးအဖွဲ့ချုပ်များ၏ ပြင်းထန်စွာ ကန့်ကွက်မှုကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
Aug 01 • 12:11 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


