လူလိမ်ဂိုဏ်းများက ကလေးငယ်များနှင့် လူငယ်များ၏ ဘဏ်နှင့် e-money အကောင့်များကို Mule Accounts အဖြစ် အမြတ်ထုတ် အသုံးပြုမှုများ ပြားလာသောကြောင့် ထိုင်းနိုင်ငံ ဗဟိုဘဏ် (BoT) က အရွယ်မရောက်သေးသူများ၏ နေ့စဉ် ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းမှု ပမာဏများကို အသက်အရွယ် အလိုက် ဘတ် ၃,၀၀၀ မှ ၁၀,၀၀၀ အထိ အသီးသီး ကန့်သတ်လိုက်ကြောင်း သိရသည်။ အဆိုပါ ကန့်သတ်ချက်များကို ဘဏ်များက စက်တင်ဘာလတွင်လည်းကောင်း၊ e-money ဝန်ဆောင်မှုပေးသူများက အောက်တိုဘာလတွင်လည်းကောင်း စတင်ကျင့်သုံးရမည်ဖြစ်ပြီး၊ သားသမီးများ၏ အကောင့်များကို အခြားသူများအား လွှဲပြောင်းသုံးစွဲခွင့် မပြုရန်နှင့် မလိုလားအပ်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မိခြင်း မရှိစေရန် မိဘများကိုလည်း အသိပညာပေးရန် တိုက်တွန်းထားသည်။
လိမ်လည်မှုများ တိုက်ဖျက်ရန် အရွယ်မရောက်သေးသူများ၏ ဒီဂျစ်တယ်ငွေလွှဲပြောင်းမှုကို ထိုင်းဗဟိုဘဏ် ကန့်သတ်
Aug 01 • 12:05 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


