back

မုတ်သုံလေ အားကောင်းမှုကြောင့် လေးရက်တာအတွင်း တိုင်းနှင့် ပြည်နယ် အများအပြား၌ မိုးကြီးပြီး သဘာဝဘေးအန္တရာယ် သတိပြုရန် မိုးဇလ ထုတ်ပြန်

Aug 01 • 11:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုတ်သုံလေ အားကောင်းမှုကြောင့် လေးရက်တာအတွင်း တိုင်းနှင့် ပြည်နယ် အများအပြား၌ မိုးကြီးပြီး သဘာဝဘေးအန္တရာယ် သတိပြုရန် မိုးဇလ ထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသဖြင့် ဩဂုတ် ၁ ရက်မှ ၅ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အများအပြား၌ နေရာစိပ်စ...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသဖြင့် ဩဂုတ် ၁ ရက်မှ ၅ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အများအပြား၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က သတိပေး ထုတ်ပြန်လိုက်သည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ အားကောင်းစွာ ဖြစ်ထွန်းနေပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

news-view-count-icon

24