back

၂၀၃၀ ပြည့်နှစ်တွင် ပျမ်းမျှမျှော်မှန်းသက်တမ်း ၇၅ နှစ်မှ ၈၀ နှစ်အထိ မြှင့်တင်မည်ဟု အစိုးရရက်ပေါင်း ၁၀၀ ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

Aug 01 • 11:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၃၀ ပြည့်နှစ်တွင် ပျမ်းမျှမျှော်မှန်းသက်တမ်း ၇၅ နှစ်မှ ၈၀ နှစ်အထိ မြှင့်တင်မည်ဟု အစိုးရရက်ပေါင်း ၁၀၀ ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

"လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ" ဟူသည့် ခံယူချက်နှင့်အညီ မြို့ပြ၊ ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့...


"လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ" ဟူသည့် ခံယူချက်နှင့်အညီ မြို့ပြ၊ ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံသားများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းကို ၇၅ နှစ်မှ ၈၀ နှစ်အကြားအထိ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရရက်ပေါင်း ၁၀၀ ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားရေးနှင့်အတူ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးသည် အခြေခံကျသည့် အချက်ဖြစ်ကြောင်းလည်း မိန့်ခွန်း၌ ဖော်ပြထားသည်။

news-view-count-icon

17