back

မုတ္တမကမ်းလွန် M3 လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ဖြင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းကို လျှပ်စစ်မီးပေးမည် 

Aug 01 • 12:16 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုတ္တမကမ်းလွန် M3 လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ဖြင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းကို လျှပ်စစ်မီးပေးမည် 

မုတ္တမကမ်းလွန်လုပ်ကွက် M3 (အောင်သိင်္ခလုပ်ကွက်) မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို အသုံးပြု၍ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အား အဓိက ဖြန့်ဖ...

မုတ္တမကမ်းလွန်လုပ်ကွက် M3 (အောင်သိင်္ခလုပ်ကွက်) မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို အသုံးပြု၍ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အား အဓိက ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များကို ပြည်တွင်း၌ အသုံးပြုနိုင်ရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီတို့အကြား သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည့်အပြင် ဓာတ်မြေဩဇာစက်ရုံများအတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့များကိုလည်း ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15