back

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ဂိမ်းဆိုင်တစ်ခုတွင် သမီးရည်းစား ပြဿနာကြောင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ်တစ်ဦး သေဆုံး

Aug 01 • 7:25 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ဂိမ်းဆိုင်တစ်ခုတွင် သမီးရည်းစား ပြဿနာကြောင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ ဂိမ်းဆိုင်တစ်ခုတွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မိန်းကလေးတစ်ဦး၏ ရည်းစားနှစ်ဦးအကြား သမီးရည်းစား ပြဿန...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ ဂိမ်းဆိုင်တစ်ခုတွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မိန်းကလေးတစ်ဦး၏ ရည်းစားနှစ်ဦးအကြား သမီးရည်းစား ပြဿနာဖြစ်ပွားရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး ဆိုင်အတွင်း၌ပင် သေဆုံးသွားခဲ့သည်။ ပြစ်မှုကျူးလွန်သူ လူငယ်သည် ဂိမ်းဆိုင်ရှေ့တွင် လုံခြုံရေးယူပေးထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ထံမှ သေနတ်ကို လုယူကာ အတူထိုင်နေသည့် အခြားရည်းစားဖြစ်သူအား ၂ ချက် ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ပစ်ခတ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

news-view-count-icon

14