စိုက်ပျိုးရေး ကုန်ကျစရိတ် လျှော့ချရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်း တည်ငြိမ်ရေးတို့အတွက် ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန်အတွက် ဓာတ်မြေဩဇာ တင်သွင်းမှုပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကိုလည်း ဩဂုတ် ၃၁ ရက်အထိ ဆက်လက် သက်တမ်းတိုးပေးထားကြောင်း သိရသည်။
Aug 01 • 7:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


